Friday, September 25, 2009

နိုးကာဗာအိုက်(စ်)ခရင် တေးသံရှင် မေသော်က နှင့် အင်တာဗျူး


မေသော်က ၊၊ ၊၊ ဆရာဗစ္စတာရင်းကိုတွေ့ရတာ မင်္ဂလာပါနော်၊၊
ဗစ္စတာရင်း ၊၊ ၊၊ မင်္ဂလာပါ၊၊
မေသော်က ၊၊ ၊၊ ညီမ သိချင်တာလေးတွေ ဆရာ့ကို မေးလို့ရမလားရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ရတယ်ရှင့်၊၊ အင်းမှားသွားလို့၊ ရတယ်ဗျ၊၊ ဒီမှာက မမေးခင်ကတည်းကပင်၊
ဖြေချင်နေတာ၊ ခေါင်းပေါ်ကို ကြမ်းပိုးတတ်သလိုပဲ၊၊
မေသော်က ၊၊ ၊၊ ဆရာဗစ္စတာရင်း ရဲ့ အသက်လေး သိပါရစေရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော်အသက်လား၊ အသက် “ဟောလိဝုဒ်” မှာရုပ်ရှင်သွားရိုက်နေတယ်လေ၊၊
မေသော်က ၊၊ ၊၊ အဲဒီ အသက်မဟုတ်ဘူး၊ D.O.B ကိုပြောတာ၊၊
ဗစ္စတာရင်း ၊၊ ၊၊ D.O.Bတော့မေ့သွားပြီ၊BOB ပဲသိတယ်၊၊

မေသော်က ၊၊ ၊၊ အင်းအဲဒါဆိုရင် ဆရာ က ဘယ်တုန်းက၊ဘယ်မှာမွေးတာလဲ၊၊
ဗစ္စတာရင်း ၊၊ ၊၊ ဒို့ကို မိုးရွာတဲ့နှစ်မှာမွေးတာ၊၊
မေသော်က ၊၊ ၊၊ မိုးကနှစ်တိုင်းပဲရွာနေတဲ့ဥစ္စာ၊၊
ဗစ္စတာရင်း ၊၊ ၊၊ အဲဒါတော့ ဘယ်သိမလဲ၊ကိုယ်သိသလောက်ပြောပြတာကို အရေးထဲ
သူကစိတ်ဆိုးနေပြီ၊၊
မေသော်က ၊၊ ၊၊ မွေးချင်းဘယ်နှစ်ယောက်ရှိလဲရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော် လူကိုလာပြီး မှိုချိုး၊ မျှစ်ချိုး၊အညွှန့်ချိုးပြီးလာပြောမနေနဲ့၊
ခြင်းနဲ့မွေးတာမဟုတ်ဘူး၊ဆေးရုံမှာမွေးတာကွ၊၊
မေသော်က ၊၊ ၊၊ အရေးထဲဘာလာ ဂေါက်နေလဲမသိဘူး၊၊

မေသော်က ၊၊ ၊၊ ဆရာ ဘလော့ဂ်ထဲကိုဘယ်အချိန်လောက်ကစပြီး ဝင်ရေးခဲ့သလဲဆိုတာ
သိပါရစေရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ အင်း ကိုယ်ဘလော့ဂ် စရေးတဲ့အချိန်ကိုပြောရရင်နည်းနည်းတော့အပိုစာသား
တွေပါမယ်၊၊
သည်းခံပြီးနားထောင်၊၊
ကိုယ့်ကိုသူများတွေကပြောတာပေါ့နော်၊၊
“ဘလော့ဂ်လေးဘာလေးမရေးဘူးလားတဲ့၊၊
အခုဘလော့ဂ်ရေးတာအရမ်းခေတ်စားနေတယ်တဲ့”
အဲဒါဆိုတော့ကိုယ်ကပြန်မေးလိုက်တယ်၊၊
ဘယ်လိုရေးရမလဲမေးတော့ သူက
“မသိဘူးတဲ့”
အရေးထဲ အနူကိုလက်စွပ်ဝယ်ဝတ်ခိုင်းနေသလိုဖြစ်နေပြီ၊၊
အဲဒါနဲ့ ကိုယ်ကအဲဒီအချိန်ကစပြီးဘလော့ဂ်ဗိုင်းရပ်စ်ပိုးကိုစရခဲ့တာ၊၊
မေသော်က ၊၊ ၊၊ အဲဒါဆိုရင် ဆရာက ဆေးရုံတို့၊ဆေးခန်းတို့သွားမပြဘူးလား၊၊
ဗစ္စတာရင်း ၊၊ ၊၊ သြော်ဒုက္ခပဲ၊စာသံပေသံကျအောင်ထပ်တူပြုပြီးပြောနေတာဗျ၊၊
မေသော်က ၊၊ ၊၊ သွပ်ပြားကသိပါဘူး၊၊အင်းပြီးတော့…
ဗစ္စတာရင်း ၊၊ ၊၊ အဲဒီအချိန်ကစပြီး ဘလော့ဂ်ကိုဘယ်လိုအကောင့်ဖွင့်ရေးရမလဲ၊၊
တန်းပလိတ်ကိုဘယ်လိုပြင်ဆင်ရမလဲ၊၊
အဲကနေစပြီးလေ့လာတော့တာပဲ၊၊

ဗမာဘလော့ဂ်ရေးရမယ်ဆိုတော့ဗမာလိုလည်းရိုက်တတ်ရဦးမှ၊၊
ညီမ သိတဲ့အတိုင်းပဲလေ၊၊
အင်္ဂလိပ်လိုနဲ့ဗမာလိုရိုက်ရာမှာဗမာလိုကပိုခက်တယ်လေ၊၊
အဲဒါနဲ့ဗမာလိုရိုက်ဖို့အတွက်စတင်ပြင်ဆင်ရတာပဲ၊၊

အဲတုန်းကဗမာလိုရိုက်ဖို့တရက်လောက်ကြာတယ်၊၊
တရက်ဆိုတာကလည်း၂၄နာရီတရက်ကိုဆိုလိုတာမျိုးတော့မဟုတ်ဘူး၊၊
အလုပ်ကပြန်လာပြီးငါးလေးဘာလေးသောက်ပြီး၎-၅-၆နာရီလောက်
အမြီးမြှောက်လိုက်၊အီးပေါက်လိုက်နဲ့မြေစမ်းခရမ်းပျိုးပြီးမှုန်ဝါးဝါးနဲ့ရေး
လိုက်တာ၊အိပ်လည်းအိပ်ချင်တော့စာတမျက်နှာသာသာလောက်ရလိုက်
တဲ့တရက်အနေအထားကိုပြောတာ၊၊
အခုတော့child play, chicken chockဖြစ်သွားပြီ၊၊


မေသော်က ၊၊ ၊၊ အရေးထဲကြော်ငြာကဝင်လိုက်သေးတယ်၊၊
အဲဒါနဲ့ပြောပြပါဦးရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ပြောပဲပြောမယ်၊ပြတော့မပြတော့ဘူး၊၊
ဒီလိုနဲ့ပဲမျက်စိအမှုန်ခံပြီးရေးတာမှာ-
လွန်ခဲ့တဲ့၂နှစ်လောက်ကပေါ့၊တိတိကျကျပြောရရင်-
၂၀၀၇ခုနှစ်ဒီဇင်ဘာ၃၁ရက်နေ့၊ညသန်းခေါင်၁၂နာရီထိုးMARINA BAY
ကHAPPY NEW YEAR 2008 အော်လို့အပြီးမှာကိုယ့်ရဲ့ဘလော့ဂ်က
Google server ထဲကိုအောင်မြင်စွာနဲ့တင်ပို့နိုင်ခဲ့တယ်၊၊
ပြီးတော့ကိုယ့်ဖင်ကိုယ်ကြားအောင်စိတ်ထဲကနေအောင်ပြီကွ၊အောင်ပြီကွ
လို့အော်ပြီးကြည်နူးမှုတွေကမျက်နှာပေါ်သကာရည်ဆမ်းသလိုဖြစ်သွားပြီး
ကြည်နူးမိခဲ့တယ်၊၊

မေသော်က ၊၊ ၊၊ ဆရာရဲ့ဘလော့ဂ်ကအရင်တုန်းကဘလော့ဂ်ဒီဇိုင်းနဲ့သိပ်မတူဘူးနော်၊၊
Decorationတို့၊ကောင်တာတို့၊နာရီတို့ အရင်တုန်းကမပါဘူးနော်၊
အခုကျတော့စုံနေတာပဲနော်၊၊ဘယ်လိုမျိုး Upgrade လုပ်လိုက်တာလဲ၊
သိပါရစေရှင့်၊၊


ဗစ္စတာရင်း ၊၊ ၊၊ အရင်တုန်းကကိုယ့်ဘလော့ဂ်စရေးတုန်းက technique တွေလည်း
သိပ်မစုံသေးဘူးပေါ့၊၊
နောက်တချက်ကကိုယ်ရေးတဲ့ပို့စ်တွေကို ကိုယ့်ပါတနာတွေကိုလည်း
ဖတ်စေချင်တယ်ပေါ့ဗျာ၊၊
ပို့စ်လေးတင်ပြီးသွားတာနဲ့ sms လေးနဲ့ alert လှမ်းလုပ်လိုက်တယ်၊၊
ကိုယ့်ပါတနာတွေက sms လေးရတာနဲ့ကိုယ်တော်လေးပို့စ်တခုတင်
လိုက်ပြီလို့ သူတို့က အော်တိုငုပ်တုပ် understood ဖြစ်သွားကြတယ်၊၊
အဲတုန်းက ဇော်ကျားဖေါင့်တွေက Unicode မဖြစ်သေးဘူး၊၊ ဆောရီး-
မှားသွားလို့၊ဇော်ဂျီဖေါင့်ကိုပြောတာ၊၊

ကိုယ့်ကိုအားပေးတဲ့ပါတနာတွေအတွက်ဘယ်ဖေါင့်မှဒေါင်းလုတ်
လုပ်စရာမလိုပဲစေတနာ အလကားမတ်တင်းနဲ့ ကိုယ်ပို့စ်လုပ်မယ့်စာကို
Word မှာရိုက်၊ print screen နှိပ်၊ paint ပေါ်မှာ pasteလုပ်ပြီး jpeg
Format စာရုပ်ပုံအနေနဲ့တင်လိုက်တာပါ၊၊
Microsoft ပဲဖြစ်ဖြစ်၊ Mac နဲ့ပဲဖြစ်ဖြစ်ကြည့်လို့အဆင်ပြေအောင်လုပ်ထား
တာပါ၊၊ အဲတုန်းက template က google ရဲ့ format နဲ့ပေါ့၊၊
အခုကျတော့ကိုယ်စိတ်ကြိုက်ဒီဇိုင်းထုတ်ထားတဲ့templateပါ၊၊
စိတ်ကြိုက်ဆိုပေမယ့်လည်းအများကြီးလိုသေးပါတယ်၊၊

မေသော်က ၊၊ ၊၊ အခုလိုtemplate ကိုစိတ်တိုင်းကျလုပ်နိုင်ဖို့အတွက် ဆရာက C language,
Html, xml, xhtml နဲ့ C ပလပ်၊ပလပ် တို့ကိုအရမ်းကျွမ်းတယ်လို့
သိရတယ်ရှင့်၊၊
ဗစ္စတာရင်း ၊၊ ၊၊ ကျွမ်းတာကရောဂါပါ၊၊
ဒါပေမယ့် ကဗျာမမီ၊စာမပီပေါ့၊၊


မစ္စတာဗစ္စတာရင်း

အပြည့်အစုံ...

Tuesday, July 21, 2009

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့ သြဂုတ်လ-၂၇ရက်နေ့




ကဲ...သူငယ်ချင်းတို့ရေ...လက်တို့ပြီးတော့ပြောရဦးမယ၊်သတင်းထူးလေး ကိုသြဂုတ်လမှစတင်၍အင်္ဂါဂြိုလ်ဟာအထွန်းလင်းအတောက်ပဆုံးဖြစ်ပါ လိမ့်မည်။ ၄င်းဂြိုလ်ဟာကြီးမားတောက်ပတဲ့လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်းတောက်ပမှာပါ။

အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M milesစတင် နီးကပ်လာမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထားပါတယ်။ဒါကြောင့်27thသြဂုတ်လ00:30AMမှာကောင်းကင် ပေါ်မှာလနှစ်စင်းတွေ့မြင်ကြရမှာပါတဲ့။ဒီတစ်ကြိမ်မှာမကြည့်လိုက်ရရင် တော့အင်္ဂါဂြိုလ်ဟာကမ္ဘာနဲ့နီးကပ်လာဖို့ကိုနောက်နှစ်2287ခုနှစ်ထိစောင့် ကြရမှာတဲ့နော့်။


ကဲသူငယ်ချင်းတို့ရေ...တစ်ယောက်နဲ့တစ်ယောက်လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေးလိုက်ပါဦး။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေဒီအကြိမ်မကြည့်လိုက်ရရင်2287ခုနှစ်ထိကိုသေချာပဲ စောင့်စားနေရမှာစိုးလို့နော်။ကဲ........အော်..နေ့ရက်က27ရက်၊ အချိန်ကမနက်00:30နေရာကတော့မိုးကောင်းကင်မှာပါ။ လနှစ်စင်းကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။

ပေးပို့သူ---
Htoo Aye

အပြည့်အစုံ...

Friday, July 17, 2009

မြန်မာများနှင့် စင်္ကာပူ သင်္ဘော၊ ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့~click here

အပြည့်အစုံ...

Monday, July 13, 2009

တံငါသည်မျောက်ကြော်၏ရေခဲစိမ် ပလပ်စတစ်ပုလင်းလေးများ

ကြယ်စင်များကိုရေတွက်နေသောကြောင့်လား၊ဒါမှမဟုတ်ကျေးဇူးရှင်
်ကြမ်းပိုးကိုက်၍လားမသိ၊ညကမျောက်ကြော်မအိပ်သည်မှာအမှန်ပင်။
မျောက်ကြော်တွင်အိပ်တဲ့ညနှင့်မအိပ်တဲ့ညဟူ၍၂ပုလင်းခွဲထားသည်။
၁လုံးကမီးထွမ်းဖို့ ၊ ၁လုံးက ကက်ဆက်ဖွပ်ဖို့၊သို့သော်မနေ့ညက
သူ့အတွက်မအိပ်တဲ့ညဖြစ်သည်။ဘွဲ့မှူးသီချင်းထဲကလို“ ငါးဖမ်းဝမ်းစာ
ရှာ”ကုတင်ပေါ်ကနေတံငါသည်လုပ်နေသည်။ဆရာခခွေးစာအုပ်ထဲက
ဆားပုလင်းနှင်းမောင်ကိုအားကျပြီးသူ့နာမည်ကိုငါးပုလင်းမျောက်ကြော်
ဟုခေါ်ပါကမျောက်ကြွမျောက်ကြွ နှင့်ဖနောင့်သံဆူးသလိုဖြစ်နေသည်။


ဒါတင်မကသေးဒီနေ့ဘယ်နှစ်ကောင်ရသလဲလို့မေးရင်လွန်စွာမှနှစ်ခြိုက်
ကာ သွားနားရွက် တက်ချိတ်မည့်ပုံစံမျိုး။ တခါတလေကျတော့ မလွယ်
ပြတ်တုန်းလပ်တုန်း၂၃ ရက်နေနှောင်းပိုင်းရေချိုးပြန်သည့်ရက်များတွင်
သတိထားပြီးနှုတ်ဆက်ရသည်။ သို့မဟုတ်ပါကလုံးကြီးတင်ဆံခတ်
ဝစ္စနှစ်လုံးပေါ်က် ပစ္စည်းဖြင့်ကန်တော့ကာ ထောပနာပြုသွားနိုင်သည်။


Play ခလုတ်ကို နှိပ်လိုက်သည်။ အော်တာအဆိုတော်ဒိုးလုံး၏ “ အရိုးထိ
ိစွဲအောင်ရူး”သီချင်းကိုဆိုနီအဲရစ်ဆင် ဖုန်းဖြင့်နားသောတဆင်နေသည်။
လက်ကလည်း ဂဏာမငြိမ်၊ဟိုကွေး ဒီကွေးနဲ့ ဂိုင်စီကွေးနေလာတော့
မပြောတတ်ပါ။ ပြန်ပြောပြဖို့ တော်တော် ခက်လိမ့်မည်။သူချစ်သော
အော်တာအဆိုတော်ဒိုးလုံးမှကား အခုတော့ ချောသွားပြီ။မျောက်ကြော်ပဲ
ကျန်တော့သည်။ ဒါပေမယ့် သူလည်းချောနိုင်သည်။ ၀မ်းပျက်ဝမ်းချော
လောက်ပါ။

မစ္စတာဗစ္စတာရင်း

အပြည့်အစုံ...

Tuesday, July 7, 2009

ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်၊ရထားသံလမ်း ပေါ် အိပ်မယ်

မိုးလင်းတိုင်း လူအများက သူ့ရဲ့ မျက်နှာပြင်ပေါ် အာရုံစိုက်နေကြသည်၊၊
မျက်ထောင့်ကြီးနှစ်ဘက်မှာလည်း မီးဖိုထဲမှ မီးသွေးခဲ တမျှနီရဲ နေသည်၊၊
တချို့ကသူ့ကို နီကိုရဲ လို့လည်းခေါ်ကြတယ်၊၊“ ရဲတာမှဘာရဲသလဲလို့မ
မေးနဲ့ အိမ်သာတွင်းထဲတောင် ဆင်းပြရဲသေးတယ်” ဟုနားရွက်နှစ်ဘက်
ကို ဖလက်..ဖလက် နဲ့အသံမြည်အောင် ခါပြီး ပြောလေသည်၊၊ထိုသူမှာ
အခြားမဟုတ် လှမ်းလေရာခြေထောက်၊ဆွဲလေရာသစ်ကိုင်း၊ ကောင်း
လေရာပုလင်း၊ ငါးပုလင်းမျောက်ကြော် ဖြစ်သည်၊၊

ငါးပုလင်းမျောက်ကြော်သည် မကောင်းတာဆိုဘာတခုမှမလုပ်၊၊ ကောင်း
တာ ဆိုရင် အကုန်လုပ်သည်၊၊ ကောင်းတာဆိုသည်မှာလည်း ဘီယာ၊
အရက်၊ ငါး၊ ဖါး၊ ဆေးလိပ် စသည့် အရာများ နဲ့ ကောင်းနေတတ်သည်၊၊
ရံဖန်ရံခါ အကောင်းပါ လွန်တတ်သေးသည်၊၊

တမြန်နေ့ မနက်ခင်း က ကြွားကြွားဝါ နေထိုင်ပြောဆိုတတ်သောကျွဲကြီး
သည် ငါးပုလင်းမျောက်ကြော် ၏ မျက်နှာမှုရာတည့်တည့်သို့သွားကာ
ညကအရက်ကောင်းခဲ့သည်ကိုကြွားဝါချင်သဖြင့်မျောက်ကြော်၏နှာခေါင်း
ဝဆီသို့လေပုပ်များမှုတ်ထုတ်ပြီး ငါ့ပါးစပ်က ဘာအနံ့ ရလဲဟုမေးသည်၊၊
“ရတော့ရတယ်၊ဒါပေမယ့်အာပုပ်နံ့ရတယ်၊၊”ငကျွဲခမြာကျွဲမြီးတိုသွားသည်၊၊

ကျွဲကြီးကမျောက်ကြော်အား“ငါမျောက်နဲ့စကားပြောရတာခွါညောင်းတယ်၊
အိမ်ပြန်ပြီး အိပ်နေတာပဲ ကောင်းဦးမယ်၊၊”မျောက်ကြော်က “ဟေ့ငကျွဲ
့ဘယ်ကအိမ်လဲ၊မန်ဒိုင်းကအိမ်လား?၊မန်ဒိုင်းက အိမ်ဆိုရင်ဗွက်လူးပြီး
တခါတည်းတသက်လုံးတော့အိပ်နိုင် တယ်၊၊”

ကျွဲကြီးသည် “မန်ဒိုင်း”ဟူသော အသုံးအနှုန်းကို မသိသဖြင့် အပ်ကျသံ
ကြားရ လောက်အောင် ငြိမ်သက်သွားသည်၊၊ တကယ်ဆို ကျွဲကြီး သည်
ဘာမဆို မသိတာ၊ မတတ်တာ မရှိ ။ သူအသိဆုံး၊ အတတ်ဆုံးနောက်ဆုံး
ပြောစရာစကားမရှိတော့ပဲရှက်ရမ်းရမ်းကာ“မင်းဘယ်လောက်သတ္တိရှိလဲ
ဆင်ဖမ်းမလား၊ ကျားဖမ်းမလား၊ ရထားသံလမ်းပေါ်အိပ်မလား ။”

ဟေးငကျွဲ အိပ်ရေးမဝရင် နင် ပဲသွားအိပ်၊ ငါတော့ငါးကောင်း ပြီးယူလိုက်
်ဦးမယ်၊၊လမ်းပေါ်တွင်မျောက် နဲ့ ကျွဲ လမ်းပိတ်နေသောကြောင့်စက်ဘီး
သမား သည် ကလင်၊ကလင်ဘဲလ် ကိုတီးလိုက်ရာ ငကျွဲ သည်လန့်ဖြန့်ပြီး
ဗွက်အိုင်ရှိရာသို့ ကဆုန်ပေါက် ထပြေးလေတော့လေသည်၊၊



မစ္စတာဗစ္စတာရင်း

အပြည့်အစုံ...

Wednesday, July 1, 2009

မိုက်ကယ်ဂျက်ဆင်ရဲ့နောက်ဆုံးအချိန်နဲ့
ဆက်စပ်သတင်း။ နှိပ်ပါ

အပြည့်အစုံ...

Saturday, June 27, 2009

ဗြုတ်စဗျင်းထောင်းနဲ့၇၂၀ံဒီဂရီ

သူကစံလင်းရဲ့ပြောင်းပြန်စီးသော မြစ်ထဲကလိုဘ၀ကိုလည်းတည်ဆောက်
ဆဲအချစ်ကိုလည်း ရှာဖွေဆဲ၊ ဒီလိုနဲ့ပဲ ဂျူရောင်းအိုင်လန်ည၊ ကန်းတက်
၊အကာစီရာညတို့ကို ပလပ်စတစ်ဗူးပေါင်းများစွာဖြင့် ကျော်ဖြတ်ခဲ့သည်။

ပြီးတော့ အာရုံလိုအင်အတွက် နစ်ကိုတင်းကို မှီဝဲသည်။သူ၏ အိပ်ယာ
အဖော်မွန်မှာစူပါ မိုက္ကရိုလိပ်များပင်ဖြစ်တယ်၊၊သူနဲ့အတူအိပ်ယာထဲတွင်
ကြေကွဲနေ့ညများစွာကို ဖန်တီးသည်။

ကာဗိုဟိုက်ထရိတ်သည်ရီဝေယစ်မူးမူကို ဖီလင်မခံနိုင်အောင်ပဲများသော
ကြောင့်ညစဉ်ညစာသုံးဆောင်မှုကိုharddiskထဲမှdeletedလုပ်ထားသည်။

သောတလိုအင်အတွက် ရော့ခ်ဂီတကိုကား ipod မှတဆင့် UBL
7.1 home theatre surrounding system speaker ဖြင့် ပွတ်တိုက်ပေးသည်။

အမြင်အာရုံများသည် window07မှတဆင့် မှာယူစားသုံးသည်။ ဒီလိုနဲ့ပဲ
ဂွေးဖြူသီချင်းထဲကလို နား၊မျက်စိတွေကန်းသွားပြီပဲ။ ရိုစီဆိုလို့
မေသော်က၀တ်သော အောက်ခံဘောင်းဘီတွင် နှင်းဆီပန်းတစ်ပွင့်ပါ
သည်။ ဒါကသူကြိုက်လို့ သူဝတ်တာ နင့်အပူတစ်ပြားမှ မပါဘူး။
လျှာမရှည်နဲ့ Ang Mo Kio ရောက်သွားမယ်။

ကျွဲကြီးက ဦးသိန်းမောင်ကြီးရယ်သည့် ပုံစံကိုကျွဲစတိုင်ဖြင့် ရယ်သည်။
ဗမာစကားကို ဥရောပ လေယူ လေသိမ်း (ပုဇွန်တောင်ဈေးခြင်းဖြင့်)
သုံးစွဲသော ဒုတိယမြောက်ပုတ်ကိုမှာ ကောလိပ်ဂျင်ပြီးရင် ငါးပုလင်း
မျောက်ကြော်ဖြစ်သည်။

သောက်ပျဉ်းကတိုးနဲ(ခွေးမြီးကောက်ကြော်ဝင်း) ကြားရင်ငါ့ကို ဆဲနေ
တယ်ဆိုပြီး လုံးကြီးတင် ဆံခတ်ဝစ်စနှစ်လုံးပေါက် စာသားတွေ ရွတ်
်ဆိုနေမည် ဖြစ်သည်။ဒီကြားထဲ ချီးထုတ်က တမှောင့်၊ မြေခွေးက တဖုံ။

ဟဲဟဲ ဦးဦးအာကယမ်က မျိုးမြင့်လေး သီချင်းထဲကလို မျက်မှန်လေးကို
မကာပင့်ကာနဲ့ မေသော်က ရှေ့တွင် mouse walk လျှောက်ပြနေသည်။
အဲဒီအချိန်မှာ လက်ခမောင်းခပ် တောကြောင်ရောက်လာပြီး ဟေးဟေး
အာကယမ် မင်းကဘာ အထာလဲ mouse walk မရှိဘူး cat walk ပဲရှိ
တယ်။92 model Toyota ကြီးရယ် ကယ်ကြပါဦးစင၊် စလုံးနဲ့စင်သည်။


မစ္စတာဗစ္စတာရင်း

အပြည့်အစုံ...